Friday, November 1, 2013

နယူတန် မတွေးလိုက်မိသော အချစ်



နယူတန် မသိလိုက်တဲ့ အမှန်တရား တစ်ခု ရှိတယ်

သူမ နှလုံးသားဟာ မြေဆွဲအားကို ဆန့်ကျင်နေတယ် ဆိုတာပဲ

အင်းပေါ့လေ
အချစ်ဆိုတာ ပန်းသီး တစ်လုံးမှ မဟုတ်ခဲ့တာပဲ

နယူတန် ခြွင်းချက်ထားဖို့ ကျန်ခဲ့တဲ့ သီအိုရီ တစ်ခု ရှိတယ်

သက်ရောက်မှုတိုင်းအတွက် တန်ပြန် သက်ရောက်မှုဆိုတာ သူမ ဒိုင်ယာရီ ထဲမှာ မပါဘူး

အင်းပေါ့လေ
အချစ်ဆိုတာ အလင်းတန်းမှ မဟုတ်ခဲ့တာပဲ

ခက်တာက
သည် ပန်းသီးကိုမှ မြည်းစမ်းနေချင်ခဲ့တာ
သည် အလင်းတန်းကိုမှ စူးစမ်းချင်နေခဲ့တာ

ဘာဖြစ်ဖြစ်
သူမကို ချစ်ခဲ့မိသည့်နောက် သူမရဲ့  အီကွေးရှင်းများနဲ့ သီအိုရီများကိုလဲ သင်ကြားရပေမပေါ့





မြရိပ်ဇင် (ဆေး-၂ )

0 comments:

Post a Comment

စာမူခပေးသွားသူတွေက...