Saturday, July 6, 2013

လွဲခဲ့ကြရာဝယ် ....

ဝေးကွာမှုတွေ အနားသတ်ထားတဲ့  ဆန့်ကျင်ဘက်အရပ်က ပြန်လာဖို့ နင် ကြိုးစားခဲ့ပါသေးတယ် ဆို ...
တွေ့ ဆုံကြုံကွဲ ပါလို့ ခုတော့ နင် တွေးတတ်သွားခဲ့ ပြီးပေါ့
တကယ်ချစ်တာပါ ဆိုတဲ့ နင်ပြောတဲ့ ဖြစ်ရပ်မှန်ဟာ ... အခြေအမြစ်မဲ့တဲ့ ကောလဟာလ တစ်ခုသာသာပဲလား ...

အလွဲတကာ့ အလွဲတွေ ထဲမှာ ငါတို့နှစ်ယောက် လွဲခဲ့ရတာ အဆိုးဆုံးဆို ...
တစ်ချို့  အလွဲတွေကို နင် တည့်ဖို့ မကြိုးစားတော့ဘူးပေါ့
ငှက်တွေ အတောင်တစ်ဖက်နဲ့ ပျံတဲ့ နင့် ပုံပြင်ထဲမှာ ငါက ရှင်ရက်နဲ့သေရတဲ့ လူတစ်ယောက်ပဲလား ...

ဘယ်လောက်ကြာကြာ လွမ်းရမယ်မှန်းမသိတဲ့ ရာသီတွေကို နင် နာကျည်းခဲ့တယ်ဆို ...
နွေမိုးဆောင်းဆိုတာ အမြဲသံသရာလည်နေမှာပဲလို့ နင် မြင်တတ်သွားပြီပေါ့
နင် လက်ပြနေတဲ့ တောင်စွယ်က နေအကွယ်မှာ ငါဇာတ်သိမ်းရမှာပဲလား ...

တကယ်ဆို

အရုပ်ကြိုးပျက်တဲ့ထိ က ခဲ့ရတဲ့  ရုပ်သေးက ငါ ပါ
ဘာပဲဖြစ်ဖြစ် Congratulations!!! ရွှေစင်ဆု ရအောင် နင် တော်လွန်းခဲ့လို့





မြရိပ်ဇင် (ဆေး-၂)

4 comments:

မိုးသက် said...

တော်လွန်းလို့ ဆိုတဲ့ ချီးကျူးသံက ငိုသံကြီးနဲ့ :D

နွေတေးရှင် (မင်းဧရာ) said...

ချိန်ညှိ နိုင်ကြပါစေဗျာ
အပြန်အလှန် နားလည်မှု့ ဆိုတာ ရှိမှ
ဖြောင့်ဖြူးကြတာမို့လား ။




နွေတေးရှင် (မင်းဧရာ) said...

ချိန်ညှိ နိုင်ကြပါစေဗျာ
အပြန်အလှန် နားလည်မှု့ ဆိုတာ ရှိမှ
ဖြောင့်ဖြူးကြတာမို့လား ။




မြရိပ်ဇင် (ဆေး-၂) said...

မိုးသက် ... ၀မ်းသာလုံးဆို့တဲ့အသံလေ :P :P
ဘကြီးမှုံ ... အခုလို ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်ခံစားပေးလို့ ကျေးဇူးများကြီးတင်ပါတယ်ရှင့်  :D

Post a Comment

စာမူခပေးသွားသူတွေက...